ကျနော့ရဲ့ လေးစားရပါသော ဘလော့မိတ်ဆွေများအားလုံး မင်္ဂလာပါ ။
POWER DIRECTOR သုံးပြီး DVD ဘန်းရာတွင် အရည်အသွေးကောင်းကောင်းရအောင် ဘန်းနည်းခေါင်းစဉ်နဲ့
မေးထားတာလေးကို ဆွေးနွေးတဲ့အနေနဲ့ ပို့(စ်)တင်ပေးထားတာပါ ။
သိပြီးသားဖြစ်ရင်ခွင့်လွှတ်ကြပါနော် ။
ပထမဆုံး ရိုက်ထားတဲ့ video format အမျိုးအစား NTSC လား PAL လား
NTSC နဲ့ရိုက်ထားတာကို PAL နဲ့မထုတ်ပါနဲ့ - ဒီနည်းအတိုင်းပဲပြောင်းပြန်ယူပေါ့
ဘာ့ကြောင့်လည်းဆိုတော့
NTSC မှာ ၁ စက္ကန့်ကို ၂၉.၇၉ ဖရိမ်ရှိပါတယ်(၂၉.၇၉-ပုံ)
PAL မှာတော့ ၁ စက္ကန့်ကို ၂၅ -ပုံရှိပါတယ် အဲဒါကြောင့် ပါ ။ မရဘူးတော့မဟုတ်ပါဘူး ဒါပေမယ့် QT ကျသွားတတ်လို့ပါ ။
ကွာလတီမကျသွားအောင်လုပ်တဲ့နည်းတွေ ဆော့ဝဲတွေရှိပါတယ် အရမ်းကိုအချိန်ပေးရမှာဖြစ်တဲ့အတွက် မတန်ပါဘူး လိုအပ်ရင်တော့ လုပ်ရမယ်ပေါ့
နောက်တစ်ခု ဗွီဒီယိုရိုက်တဲ့စက်ရဲ့ ပုံရိပ်ဖမ်းယူနိုင်မှုအရည်အသွေးနဲ့လည်းဆိုင်ပါတယ် ။
နောက်တစ်ခုကတော့ VIDEO GRAPHIC CARD အမျိုးအစားနဲ့လည်းဆိုင်ပါတယ် ။
အောက်ကပုံကတော့ Canon အမျိုးအစားနဲ့ရိုက်ထားတဲ့ ဗွီဒီယိုဖိုင်တစ်ခုရဲ့ Properties ကို ဥပမာပြထားပေးတာပါ ။ အဲဒီမှာ .MTS က ဗွီဒီယို format ၊ AVCHD က ဖိုင်အမျိုးအစား
1440 1080 က ဗွီဒီယိုဖိုင်ရဲ့ ကြည်လင်ပြတ်သားမှုနှုံး
25 fps ကအပေါ်ကပြောခဲ့သလို ၁ စက္ကန့်အတွင်းမှာ ဖြတ်ပြေးသွားတဲ့ရုပ်ငြိမ်ရုပ်ပုံပေါင်း
အောက်ကပုံကတော့ Edit >Preferences
အနီရောင်နဲု့ ကွင်းပြထားတဲ့နေရာတွေကို သတိပြုပေးပါ ။ မိမိရဲ့ စက်မှာ ဘယ် Setting နဲ့ ရိုက်ခဲ့သလဲ TV FORMAT 4:3 လား Widescreen 16:9 လားဆိုတာပါ ။ အရေးကြီးပါတယ် ။
အောက်ကပုံက 4:3 ကိုရွေးပြထားတာပါ ။ သူ့အချိုးအစားနဲ့သူတည့်ရပါတယ် ။
အောက်ကပုံက Widescreen 16:9 ကို ရွေးပြထားတာပါ ။
အပေါ်ကပုံတွေမှာလို Setting လုပ်ပြီး Burn ကြည့်ပါ ။ အရည်သွေးကောင်းကောင်းလေးရမှာသေချာပါတယ် ။ အချိန်ကိုတော့ ၁း၂၀ ထက်တော့မကျော်စေနဲ့ပေါ့ ။ Burn လို့ရမှာမဟုတ်ပါဘူး ။
အချိန်တွေအများကြီးကျော်နေလို့ ဘန်းလို့ရအောင်လုပ်ချင်ရင်တော့ Smart Fit ဆိုတဲ့ ချက်ဘောက်ကို အမှန်ချစ်ပေးလိုက်ပါ ။DVD 5,DVD 9....... နဲ့ FIT ဖြစ်အောင် BURN ပေးပါလိမ့မယ် ။ အရည်အသွေးကတော့ကျမှာသေချာပါတယ် ။
Screenshot တွေအားလုံး POWER DIRECTOR 11 နဲ့ လုပ်ထားတာပါ ။ 9,10 ဖြစ်ခဲ့ရင်လည်း interface သိပ်မကွာပါဘူး
11 ကိုလိုချင်ရင်တော့ အောက်ကလင့်တွေမှာဒေါင်းလိုက်ပါ ဘာကီးမှထည့်စရာမလိုပါ ။
အဲ..အသုံးမပြုခင် System Requirement လေးတော့သွားဖတ်ကြည့်လိုက်ပါနော် ကိုယ့်စက်နဲ့ အဆင်ပြေမပြေပေါ့ ။
အဲဒီလိုမှမရသေးရင်တော့ Produce ခေါင်းစဉ်အောက်မှာ AVI အဖြစ်နဲ့ Video ဖိုင်သိမ်း..ရလာတဲ့ Video ဖိုင်ကို
Ulead 11 ထဲဆွဲထည့်ပြီး Burn ၇င်လည်း အရည်အသွေးကောင်းကောင်းရမှာပါ ။
စမ်းကြည့်လိုက်ပါနော်
အဆင်ပြေပါစေဗျာ





အကိုရေ ဒေါင်းမရဘူး ကူညီပေးပါအုံးနော်
ReplyDelete