Paragon Partition Manager အသုံးပြုပြီး HDD ကို Partition အသစ်ပိုင်းရအောင်
အရင်ကတော့ Partition Magic ကိုအသုံးပြုတာများပါတယ် ။ အခြေခံသဘောတရားအတူတူပါပဲ ။
သိပ်မကွာလှကြပါဘူး ။ Interface တွေနည်းနည်းပါးပါး ကွာခြားမှုရှိတာပါ ။
ဒါပေမယ့် Partition Magic ကိုဗားရှင်းအသစ်ထုတ်လုပ်ခြင်းမ၇ှိတော့တဲ့ နောက်
ယခုမျက်မှောက်ကာလထုတ်လုပ်တဲ့ Harddisk အသစ်တွေနဲ့ နည်းပညာသစ်တွေမှာ
ပြဿနာရှိလာနိုင်ပါတယ် ။
ဒီ Paragon Partition Manager ကိုကျနော်ကိုယ်တိုင် သုံးနေတာဆိုတော့ အာမခံရဲပါတယ် partition magic ထက်သာတယ်လို့လည်းပြောချင်ပါတယ် ။
ဒါကြောင့်ဒီနေ့ Paragon Partition Manager အသုံးပြုပုံလေးကို လာပြီး မိတ်ဆက်ပေးရင်း Share ပေးလိုက်တာပါ ။
Hiren Bootable CD ကိုပဲ အသုံးပြုမှာဖြစ်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ဒီဓါတ်ပြားတွေကရှာရလွယ်လို့ပါ ။
CD ROM ကနေပထမဆုံး BOOT တက်ရန် Bios မှာ Setting ပေးပြီးနောက် Hiren Boot screen တက်လာရင် Partition Tools > Paragon Partition Manager ကိုသွားပါ ။

ဒီမှာတော့ တစ်ခါမှ ပါတီးရှင်းမပိုင်ူးးသေးတဲ့ ဟတ်ဒစ်(စ်)အသစ်နဲ့ ပြထားတာပါ ။
ပါတီးရှင်း ၂ ပိုင်း ပိုင်းပြထားပါတယ် C: နဲ့ D: ဖြစ်ပါတယ် ။

ကဲ ပထမပါတီးရှင်းကိုစပြီးပိုင်းကြရအောင် Free ဆိုတဲ့အစိမ်းရောင်အကွက်ကို right click နှိပ်ပါ ။ ပြီးရင် Create ကိုရွေး

မိမိထားလိုသည့် အရွယ်အစား သတ်မှတ်ပေးပြီး Primary ကိုရွေးပေးပါ ။

File System ကိုတော့ NTFS ကိုရွေးပေးပြီး Click- OK >Yes

ပုံပါအတိုင်း ပထမ Partition ကိုရပါပြီ ။

နောက် ဒုတိယပါတီးရှင်းကိုတည်ဆောက်ရန်အတွက် Free ဆိုတဲ့အစိမ်းရောင်အကွက်ကို right click နှိပ်ပါ ။ ပြီးရင် Create ကိုရွေးပါ ။

Create partition as နေရာမှာ Extended ကိုအရင်ရွေးပေးပြီး OK နှိပ်ပါ ။

Logical ကို right click နှိပ်ပါ ။ ပြီးရင် Create ကိုရွေး

Create partition as ကို Logical > File System ကိုတော့ NTFS ကိုရွေးပေးပြီး Click- OK > Yes

ဒါဆိုရင်တော့ harddisk အသစ်တလုံးဘဝကနေ ပါတီးရှင်း (၂) ပိုင်းပိုင်းထားတဲ့ဘဝကိုကူးပြောင်းသွားပါပြီ ။

နောက်ဆက်လုပ်ရမှာကတော့ ပထမပါတီးရှင်းကို Boot တက်နိုင်ဘို့
Primary >Modifily >Set active ကိုရွေးပေးရမှာပါ ။

ပြီးရင်တော့ အထက်မှာကျနော်တို့လုပ်လာခဲ့တဲ့ အဆင့်တွေအားလုံးပရိုဂရမ်ကအတည်ပြုနိုင်ဘို့ အတွက် Click Apply changes... ကိုနှိပ်ပေးလိုက်ပါ ။

ပရိုဂရမ်အလုပ်လုပ်လို့ပြီးရင် General >Exit နဲ့ထွက်လို့ရပါပြီ ။

Paragon Partition Manager အသုံးပြုပြီး HDD ကို Partition အသစ်ပိုင်းတာပြီးပါပြီ ။
လက်သစ်ကလေးတွေစမ်းလုပ်ကြည့်ကြပေါ့နော် ။
အဆင်ပြေကြပါစေ ။
จัดการฮาร์ดดิสใหม่ และแบ่งพาทิชั่น ด้วย Paragon Partition Manager

No comments: