ဒီပရိုဂရမ်လေးကတော့ မိမိတို့ကွန်ပြူတာမှာ ဝင်းဒိုးတင်ပြီးရင် ပရိုဂရမ်တွေဆင်တဲ့အခါမှာ
တဆင့်ခြင်း နှိပ်နေစရာမလိုပဲ အချိန်ကုန်သက်သာစေမှာဖြစ်ပါတယ် ။
ပထမဦးဆုံး SFXMaker လေးကို ဒီနေရာမှာ ဒေါင်းလိုက်ပါ ။
ဒေါင်းလို့ရလာတဲ့ဖိုင်ကို Rar ဖြည်လိုက်ပါ ။ အောက်ကပုံအတိုင်းရမှာပါ ။
SFXMaker_1.2.1_RC1_installer ကိုနှိပ်ပြီး အောက်ကပုံတွေအတိုင်းအဆင့်ဆင့် Install လုပ်သွားလိုက်ပါ ။

အပေါ်ပုံမှာ Lunch SFXMaker ကို မရမ်းသေးပဲ Finish ကိုနှိပ်ပါ ။
ပြီးရင်တော့ ခရက်(က်)ဖိုင်လေးကိုရမ်းပေးလိုက်ပါ ။
ဒါဆို SFXMaker_1.2.1_RC1 ကိုအသုံးပြုဘို့ အဆင်သင့်ဖြစ်ပါပြီ ။
(၁) SFXMaker ကိုဖွင့်လိုက်ပါ ။
(၂) မိမိ Install လုပ်ချင်တဲ့ ပရိုဂရမ်ဖိုင်ရွေးပေးဘို့အတွက် ပုံပါနံပါတ် (1) အတိုင်း Installer Path
ခေါင်းစဉ်ကိုနှိပ်ပါ ။
(၃) နံပါတ် (2) အတိုင်း အလိုရှိရာဖိုင်ကိုရွေးပေးပါ ။
(၄) နံပါတ် 3 မှာ ပြထားတဲ့အတိုင်း Silent Switches ကိုနှိပ်ပါ ။
(၅) အောက်ကပုံအတိုင်း မိမိဖိုင်ကို သိမ်းရန် နံပါတ် - 4 ကိုနှိပ်
(၆) icon တွေစိတ်တိုင်းကျပြောင်းနိုင်ရန် - 5 ကိုနှိပ်
(၇) ပြီးရင်တော့ Create ကိုနှိပ်ပြီး ပရိုဂရမ်အလုပ်လုပ်တာကိုပြီးအောင်စောင့်
(၈) Exit ထွက် ။
မိတ်ဆွေတို့လည်း စမ်းပြီးလုပ်ကြည့်ကြပေါ့
အဆင်ပြေကြပါစေ ။

No comments: