728x90 AdSpace

Breaking

Ads[none]

Ads[none]

Saturday, October 20, 2012

တခြားမည်သည့်ပရိုဂရမ်မှသုံးစရာမလိုပဲ Ghost Windows 7 ကို ဘယ်လိုဖန်တီးမလဲ ???



အွန်လိုင်း နဲ့ ဘလော့မိတ်ဆွေများအားလုံး  “မင်္ဂလာပါ”
ကျနော်လည်း အပြင်ဆားဗစ် တွေများလို့ ပို့(စ်)မတင်ဖြစ်တာ တပတ်လောက်ရှိပြီ  ။

ဒီနေ့တော့ မိမိကွန်ပြူတာနဲ့  Window 7   ကို  Ghost Image ဖန်တီးပြီးတော့
တခြားမည်သည့်ကွန်ပြူတာ ၌ မဆို  ပြန်ပြီး Restore  လုပ်လို့ရအောင်
ဘယ်လို ဖန်တီးမလဲ ဆိုတာလေးကို တင်ပြချင်ပါတယ် ။
မိတ်ဆွေတို့အတွက်  အနည်းနဲ့ အများဆိုသလိုပဲ  အတိုင်းအတာတစ်ခုအထိ  အကျိုးရှိနိုင်မယ်ဆိုရင်ကျေနပ်ပါပြီ ။

Ghost Image ဖန်တီးနည်းကို   အခြေခံကွန်ပြူတာ လေ့လာသူများအတွက် Ghost အသုံးပြုနည်း အသေးစိတ်  ဆိုတဲ့ခေါင်းစဉ်နဲ့  ကျနော်တင်ပေးဘူးပါတယ် ။ အဲဒီပို့(စ်) လေးက မိမိကွန်ပြူတာတစ်လုံးတည်းအတွက်  Restore လုပ်နိုင်ယုံအတွက်ပါ ။
တခြား စက်တစ်လုံးမှာ သွားပြီး Restore လုပ်ရင် Boot မတက်နိုင်ပါဘူး ။ ဘာကြောင့်လည်း ဆိုတော့ အသုံးပြုထားတဲ့
Hardwere (အဓိက-CPU,Mainboard)ကစလို့ user,password,Timezone, အစရှိတာတွေမတူညီကြလိုပါပဲ ။

နောက်တစ်ခု ကျနော်ဝန်ခံချင်တာကတော့  အဲဒီလို Boot မတက်နိုင်တာကို တက်နိုင်အောင်ရေးတဲ့နည်းကိုတော့ကျနော်တကယ်ပဲမသိသေးပါဘူးခင်ဗျာ ။ ကျနော်သိထားတဲ့နည်းတွေထဲက တစ်ခုဖြစ်တဲ့
ဒီနည်းကတော့ ကျနော်ကိုယ်တိုင် အကြိမ်ကြိမ် မရေတွက်နိုင်လောက်အောင် သုံးခဲ့ဘူးပြီး 100% အောင်မြင်ခဲ့တဲ့နည်းလေးပါ ။

ခုကျနော်တင်ပြမယ့်နည်းက  တခြားမည်သည့်ပရိုဂရမ်မှသုံးစရာမလိုပဲ ဝင်းဒိုးထဲမှာပဲပါနေတဲ့ Tool လေးကိုအသုံးပြုမယ့်နည်းလေးပါ ။
Sysprep ဆိုတာလေးပါ ။ ဒီကောင်လေးက  ကျနော်တို့  Image  ဖိုင်ဖန်တီးနိုင်ဘို့အတွက် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ပေးနိုင်ဘို့အတွက် ထည့်ထားပေးတာပါ ။ ဒီ စနစ်က Window ကို မူလအခြေအနေအတိုင်းပြန်ဖြစ်အောင် Backup လုပ်ပေးတဲ့စနစ်ဖြစ်ပါတယ်  ။  သူအလုပ်လုပ်ပုံကတော့ Window က Detect Hardware အသစ်  User/Password /TimeZone စတာတွေ အားလုံး Window စတင်တုန်းကလို အားလုံးအားလုံး အသစ်တွေနဲ့ ပြန်လည်စတင်မှာဖြစ်တဲ့အတွက်ကြောင့်ပဲ  WINDOW 7 32/64 Bit မည်သည့်  Version ကိုမဆို Ghost Image ဖန်တီးနိုင်ပြီး တခြားမည်သည့်ကွန်ပြူတာမှာပဲဖြစ်ဖြစ်  Restore လုပ်နိုင်မှာဖြစ်ပါတယ် ။

ကဲ ကျနော့ရဲ့နည်းလေးကို စကြရအောင်ပါ ။
အရင်ဦးဆုံး  Computer Management ကိုဖွင့်လိုက်ပါ ။ Start>Computer(Right Click) >manage
ပုံမှာပြထားတဲ့အတိုင်း Windows Media Sharing  - Run   နေရင်  Stop ကိုနှိပ်ပြီးပိတ်ပေးပါ ။




Start –> cmd  ပြီးရင်  Admin အဖြစ်နဲ့ Run ပေးပါ ။



cd sysprep ရေးပြီး  Enter  ခေါက်

sysprep ရေးပြီး  Enter  ခေါက်  





ဒါဆို  အောက်ကပုံအတိုင်းရလာမှာပါ ။ ပုံမှာပြထားတဲ့အတိုင်း  ရွေးပေးပြီး  OK  နှိပ် ပါ



အားလုံးပြီးသွားရင်  ပရိုဂရမ်  ပိတ်သွားပါလိမ့်မယ် ။ နောက်ပြီး Restart ချလိုက်ပါ ။
ဒါဆိုရင် ကျနော်တို့ Ghost Image လုပ်ဘို့  အဆင်သင့်ဖြစ်ပါပြီ ။  ရလာတဲ့  Ghost ဖိုင်ကိုလည်း တခြားစက်တွေမှာ   Restore  လုပ်လို့ရပါပြီ ။

ကျနော်တင်ပြခဲ့တဲ့  အချက်တွေမှာ လိုအပ်ချက်တွေ ရှိခဲ့ရင်လည်း
Comment,C-Box တို့မှာဆွေးနွေးဝေမျှ ပေးကြစေချင်ပါတယ်ခင်ဗျာ ။
အားလုံးအဆင်ပြေကြပါစေခင်ဗျာ ။

တခြားမည်သည့်ပရိုဂရမ်မှသုံးစရာမလိုပဲ Ghost Windows 7 ကို ဘယ်လိုဖန်တီးမလဲ ??? Reviewed by T_Downloads on October 20, 2012 Rating: 5 အွန်လိုင်း နဲ့ ဘလော့မိတ်ဆွေများအားလုံး  “မင်္ဂလာပါ” ကျနော်လည်း အပြင်ဆားဗစ် တွေများလို့ ပို့(စ်)မတင်ဖြစ်တာ တပတ်လောက်ရှိပြီ  ။ ဒီနေ့တော့ မိမိကွန...

No comments:

Ads[none]