728x90 AdSpace

Breaking

Ads[none]

Ads[none]

Monday, October 12, 2020

Ghost


အခြေခံကွန်ပြူတာ လေ့လာသူများအတွက် Ghost အသုံးပြုနည်း အသေးစိတ်

ကျနော် Ghost အကြောင်းရေးဘို့ ရည်စူးခဲ့တာ ကြာပါပြီ ။ ဒီကြောင်းနဲ့ပါတ်သက်ပြီး မြန်မာ ဝက်ဆိုဒ်တော်တော်များများ ကို ဝင်ရောက်လေ့လာမိသလောက် သိပ်ပြီးရေးကြတာ မတွေ့ရပါဘူး
ကျနော်  မနှံ့စပ်တာလဲ ဖြစ်နိုင်ပါတယ် ။ ဘာပဲဖြစ်ဖြစ် ဒီပို့(စ်)လေးကို ဖတ်ပြီး အားလုံးအတွက် အနည်းနဲ့အများ အကျိုးရှိနိုင်ခဲ့မယ် ဆိုရင် ကျနော် ရေးရကျိုးနပ်ပါပြီ ။ 

++++++++++++++++++++++++++++++++++++++++++++++
ဒီအဆင့်ဟာကွန်ပြူတာကိုအခြေခံမှစတင်လေ့လာနေသူများ

(  basic to advanced for every users )

အတွက် သီးသန့် ဖြစ်ပါတယ် ကွန်ပြူတာသမားတိုင်း မသိမဖြစ် တတ်ကိုတတ်ထားသင့်

တဲ့ နည်းစနစ် ဖြစ်ပါတယ်

အကယ်၍ လူကြီးမင်းသည် Adance အဆင့် ရှိသူ ဖြစ်ပါက ဒီပို့(စ်)ကို ကျော်သွားပေးကြပါ။

ဒီပို့(စ်)ဟာ သိပြီးတတ်ပြီးသူများအတွက်တော့ ဘာမှမဟုတ်ပေမယ့်

ကွန်ပြူတာ အကြောင်းကို သိပ်ကောင်းကောင်း နားမလည်ကြသေးတဲ့သူများအတွက်တော့
အများကြီးအကျိုးရှိလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်

++++++++++++++++++++++++++++++++++++++++++++

ကဲစကြရအောင်ပါ ။

 ဒီပို့(စ်)လေးဟာ Ghost စနစ်ကို သုံး၍ BACKUP WINDOW လုပ်နည်းလေးပါ ။
မိမိတို့၏  ကွန်ပြူတာ ပုံမှန်အလုပ်လုပ်နိုင် သေးသောအခြေအနေ

 ( ဥပမာ- ဝင်းဒိုးအသစ် တင်ပြီးစ )

မှာ Ghost စနစ်ကို သုံး၍ မည်သူမဆို  Backup ဖိုင် လုပ်ပြီး သိမ်းထားလို့ရပါတယ် ။

အဲဒီ  BACKUP ဖိုင်ကိုပဲ မိမိကွန်ပြူတာမှာ ဝင်းဒိုး

ပုံမှန်အလုပ်မလုပ်နိုင်တော့သည့်  အခြေအနေသို့ေ၇ာက်ခဲ့လျှင်

ဥပမာ- ဗိုင်းရပ် အကိုက်ခံရခြင်း  သို့မဟုတ်  ကွန်ပြုတာ  Hangs ရခြင်း  ၊ ဒါမှမဟုတ်


ဝင်းဒိုး မတက်နိုင်ပဲ  အကြိမ်ကြိမ်  Restart ဖြစ်နေခြင်း ၊ ဝင်းဒိုး လုံးလုံး မတက်တော့ခြင်း

စသည့် အခြေအနေမျိုး ဖြင့်ကြုံတွေ့ ရလျှင်  အချိန်ကုန်ခံပြီး  ဝင်းဒိုး အသစ်တင်နေစရာမလိုပဲ


မိမိတို့   ကြိုတင်ဖန်တီးထားသော  Backup  ဖိုင်ဖြင့် ပြန်လည်  အစားထိုးခြင်းဖြင့်


ပုံမှန်အလုပ်လုပ်နိုင်သော ဝင်းဒိုး ကို ပြန်ရမှာပါ ။



(ဒီပို့(စ်) ကို  ကွန်ပြူတာပြင် ဆိုင်တွေ စက်ဆရာတွေတော့ နှစ်သက်ကြမှာမဟုတ်ပါဘူး

ကျနော် ကိုယ်တိုင် ကွန်ပြူတာကို  စသုံးစက  ဒီနည်းစနစ်တွေကို  မသိခဲ့လို့

ခံခဲ့ရဘူးပါတယ် ။  ဒီအဖြစ်မျိုးမဖြစ်ကြရအောင် စာနာထောက်ထားသောအားဖြင့်

ဒီ ပို့(စ်) လေးကို မျှဝေလိုက်ခြင်းပါ ။)

 ဒီပို့(စ်)  မှာ အသုံးပြုထားသော Screenshot များသည်  www.gggcomputer.com  မှဖြစ်သည် ။

အရင်ဦးဆုံး  ရှိထားရမှာကတော့ ရှာပြီး Download လုပ်လို့ လွယ်တဲ့ Hiren Boot CD ကို


အသုံးပြုဘို့ တိုက်တွန်းလိုပါတယ် ။ ဘယ် VERSION ဖြစ်ဖြစ်ရပါတယ် ။ 



ဒီနေရာမှာ ဒေါင်းယူလိုက်ပါ ။



ဒေါင်းပီးရင် CD ပြားနဲ့  image burn လုပ်ထားပါ ။

ပီးရင်အောက်ကပုံအတိုင်း    C:    မဟုတ်သော ပါတီးရှင်း တွင် 

Backup  လို့ အမည်ပေးပြီး   Folder တခု ဖန်တီးပါ ။



အဲဒီလိုလုပ်ပြီးရင် Hiren Boot ကို  ကွန်ပြူတာက CD/DVD Drive ထဲထည့်ပါ။ 

 ကွန်ပြူတာ Boot တက်နေချိန်မှာ ကီးဘုတ်မှ  Del  သို့မဟုတ်  F2  ကီး 
(ဒီနေရာမှာ ကွန်ပြူတာအမျိုးအစားအလိုက် ကွဲပြားခြားနားမှုရှိပါတယ်)
တခုခုကိုအကြိမ်ကြိမ်နှိပ်ပေးခြင်းဖြင့်   BIOS   ထဲကို  ဝင်ပြီး  CD/DVD  ဓါတ်ပြားကနေ

စပြီး Boot အောင် First Boot Device ကို CDROM ရွေးပေးပါ။ 
အောက်ကပုံက တော့ BIOS  ကိုဥပမာပြတာပါ စက်တိုင်း ဒီမျက်နှာပြင်မျိုးမြင်ရမည်ဟုမဆိုလိုပါ

CD ပြားက Boot ပြီဆိုရင်  Dos Boot CD ကိုရွေးပေးပါ။


Backup Tools.......ကိုရွေးပေးပါ။


Norton Ghost........ကိုရွေးပေးပါ။


 ဒီအဆင့်မှာတော့ ဘယ်ပုံဘယ်နည်းစနစ်နဲ့ Backup လုပ်မှာလဲ ဆိုတဲ့ အပေါ်မှာ

မူတည်နေပါတယ်။ ခုအောက်မှာရွေးပြထားတဲ့အတိုင်း ဆိုရင် ဖိုင်ဆိုဒ်ကို အမြင့်ဆုံး

ကျုံ့နိုင်သမျှ ခြုံ့ပြီး Backup လုပ်မှာဖြစ်ပါတယ်


နောက်တက်လာမယ့်မျက်နှာပြင်တွေအားလုံး   ကီးဘုတ်မှာ Enter ပဲနှိပ်ပေးလိုက်ပါ။

Ghost  ပရိုဂရမ်ကို  ဝင်တာနဲ့  OK  ကိုနှိပ်ပေးပါ


Local >Partition >To Image (ဒီလမ်းကြောင်းအတိုင်းရွေးသွားပေးပါ) ။


ဟတ်ဒစ်(စ်)ကိုရွေးပေးပြီး  OK  နှိပ်ပါ ။


မိမိ ဘက်(က်) အပ်(ပ်) လုပ်လိုသော ပါတီးရှင်းကို ရွေးပေးလိုက်ပါ ။

များသောအားဖြင့်  ပထမ ပါတီးရှင်းတွေသာ ဖြစ်တတ်ပါတယ် ။


ဒီအဆင့်မှာ  မိမိလုပ်မယ့် Backup  ဖိုင်ကိုသွားသိမ်းမယ့် နေရာကိုရွေးပေးဘို့အတွက်
 Look in: ဆိုတဲ့  နောက်နားက  Scroll Box   က   Down arrow လေးကိုနှိပ်ပြီး

ဒီပို့ရဲ့ အစက ပထမဦးဆုံး ပုံမှာ  ကျနော်တို့ ဖန်တီးခဲ့တဲ့ 

Backup ဆိုတဲ့  Folder ကိုရွေးပေးလိုက်ပါ ။


မိမိနှစ်သက်ရာ  နာမည်  ပေးပြီး  Save လိုက်ပါ ။


ပရိုဂရမ်က  Backup ဖိုင် ဖန်တီးမလားလို့ မေးပါတယ် ။  yes  ကိုနှိပ်လိုက်ပါ ။


ပရိုဂရမ်အလုပ်လုပ်တာကို  ပြီးတဲ့အထိစောင့်ရမှာဖြစ်ပါတယ် ။

အနှေး အမြန်ကတော့   Drive  C: ရဲ့ ဖိုင်ဆိုဒ်  အကြီးအသေးပေါ်မှာမူတည်ပါတယ်


 ပြီးရင်တော့   Continue   ကိုနှိပ်ပါ ။

ဒါပေမယ့်  ပရိုဂရမ်ကနေ  မထွက်သေးပါနဲ့အုံး   ဆက်ရအုံးမှာဖြစ်ပါတယ်...
+++++++++++++++++++++++++++++++++++++++++++++
ကျနော်တို့ Backup  လုပ်ပြီးပြီဆိုရင်   တော်တော်များများ  ခုပြောတဲ့အဆင့်ကို

ချန်ထားတတ်ကြပါတယ် ကျော်သွားတတ်ကြပါတယ်

ဒါဟာ မှားတဲ့အချက် ပါပဲ
ဘာ့ကြောင့်လဲဆိုတော့  ကိုယ်ဖန်တီးလိုက်တဲ့   Backup ဖိုင်ဟာ  ချို့ယွင်းချက်ရှိမရှိ

မစစ်ဆေးရသေးလို့ပါပဲ  ဒါကြောင့် Check လုပ်နိုင်ဘို့အတွက် အောက်မှာ  ဆက်ကြည့်လိုက်ပါ

Local >Check >Image File ( ဒီဖိုင်လမ်းကြောင်းအတိုင်းသွားပါ)

ကျနော်တို့စောစောက  Backup ဖိုင်ကို ရွေးပေးလိုက်ပါ


့Yes ကိုနှိပ်ပါ


အကယ်၍ စစ်ဆေးချက်  100%  ပြည့်ခဲ့ရင်တော့ မိမိတို့ ရဲ့ Backup ဖိုင်ဟာဘာမှ ပြဿနာမ၇ှိပါဘူး

တကယ်လို့ ဖိုင်ချို့ယွင်းမှုရှိခဲ့ရင် ဖိုင်ပျက်စီးနေကြောင်း မျက်နှာပြင်တက်လာပြီး

နောက်ထက်တကြိမ် ပြန်ပြီး BACKUP လုပ်ဘို့ ပြောပါလိမ့်မယ်

အားလုံး စစ်ဆေးပြီးစီးသွားရင်တော့ Quit ကိုနှိပ်၍ ပရိုဂရမ်မှထွက်လို့  ရပါပြီ ။




++++++++++++++++++++++++++++++++++++++++++++++++++++

အခု ကျနော်တို့ ပေါ်မှာ Backup လုပ်ပြီး  Drive  D:  မှာသိမ်းထားခဲ့တဲ့ ဖိုင်ကို

ဘယ်လို ပြန်ပြီးအစားထိုးသုံးစွဲမလဲ  ဆိုတာကို  တဆက်ထည်းတင်ပြသွားပေးပါမယ်
အထက်မှာပြောခဲ့သလိုပဲ  မိမိတို့ရဲ့ တို့ရဲ့  ကွန်ပြူတာ  အလုပ်လုပ်တာ  ပုံမှန်မဖြစ်တော့
တဲ့ အချိန်ရောက်လာခဲ့ရင်  အသုံးပြုရမှာ  ဖြစ်ပါတယ်  ဟိုးအပေါ်မှာပြခဲ့တဲ့အတိုင်းလုပ်သွားလိုက်ပါ
Hiren Boot > Dos Boot CD >Backup Tools >Norton Ghost
 


Local >Partition >From Image


Backup ဖိုင်ကိုရွေးပေးပြီး OK ဆက်တိုက်နှိပ်သွားပါ ။




 ဒီအဆင့်မှာ ပါတီးရှင်းကို  Restore လုပ်မှာလားလို့ ပရိုဂရမ်ကမေးရင် Yes ဖြေပေးလိုက်ပါ ။


100% ပြည့်တဲ့အထိ  ပရိုဂရမ်အလုပ်လုပ်တာကို စောင့်ပေးပြီး Restart ချလိုက်ယုံပါပဲ

ဒါဆိုရင်  အချိန်တိုတိုအတွင်း မှာ ပုံမှန်အနေအထားနှင့် အလုပ်လုပ်နိုင်သော

ဝင်ဒိုး ကို  BACKUP လုပ်တုန်းကအတိုင်း ပြန်လည်ရရှိမှာဖြစ်ပါတယ် ။


ပြီးပါပြီ ။ 

ကွန်ပြူတာကို ယခုမှစတင်အသုံးပြုသူ  လေ့လာသူ  လက်သစ်ကလေးများအတွက်
အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်  အဆင်မပြေသူများ    konainga2@gmail.com 
သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။
အားလုံး အဆင်ပြေကြပါစေ
Ghost Reviewed by T_Downloads on October 12, 2020 Rating: 5 အခြေခံကွန်ပြူတာ လေ့လာသူများအတွက် Ghost အသုံးပြုနည်း အသေးစိတ် ကျနော် Ghost အကြောင်းရေးဘို့ ရည်စူးခဲ့တာ ကြာပါပြီ ။ ဒီကြောင်းနဲ့ပါတ်သက်ပြီး မြန...

Next
This is the most recent post
Older Post

No comments:

Ads[none]