TMPGEnc Authoring Works v4.0.7.32
ဒီနေ့တော့ TMPGEnc Authoring Works v4.0.7.32 လေးကိုမျှဝေပေးပါမယ်။
ဘလော့မိတ်ဆွေတယောက်ဖြစ်တဲ့ မင်းမင်းတင်ဆိုသူ ညီလေးတယောက်ကတောင်းထားလို့ပါ ။
VCD ရုပ်ရှင်ဇတ်ကား 4,5 ကားကို DVD တချပ်ထည်း နဲ့ ဖန်တီးလို့ရတဲ့ ပရိုဂရမ် (သို့) VCD karaoke
အပုဒ် 90,100 ကို DVD တချပ်ထည်း နဲ့ ဖန်တီးလို့ရတဲ့ ပရိုဂရမ် ရှိရင် တင်ပေးပါဆိုလို့
ကျနော့မိတ်ဆွေ တော်တော်များများ တောင်ဆို ထားဘူးလို့ တခြားလေ့လာချင်တဲ့ သူတွေလည်း အသုံးပြုလို့ရအောင် တင်ပေးလိုက်ပါတယ် ။ အလွယ်ပြောရရင် DVD Creator ပရိုဂရမ်တစ်ခုပါပဲ ။
ဒါပေမယ့် သူ့မှာ လုပ်ဆောင်နိုင်တဲ့ စွမ်းရည်တွေ အများကြီးပါလာခဲ့ပါတယ် ။
အသံလိုင်း (၂)လိုင်း ထည့်လို့ရတယ် ။ တလိုင်းစီကိုလည်း Karaoke ဆိုလို့ရတယ် ။
Subtitle တွေလည်း ကြိုက်သလောက်ထည့်လို့ရတယ် ။ Menu ကိုလည်း မိမိစိတ်တိုင်းကျ
တည်ဆောက်ပြုပြင်လို့ရတယ် ။ မြန်မာစာလက်ကွက် Font တွေကိုလည်း လက်ခံတယ် ။
ပြောရမယ်ဆိုရင်တော့အများကြီးပေါ့ဗျာ ။ အောက်မှာကြည့်လိုက်ပါ ။
Full Featured:
• Input MPEG-1/2 AVI WMV QuickTime DivX MPEG-4/H.264 AVCHD DV/HDV DVD-VR DVR-MS video files and author to DVD-Video Blu-ray (BDMV) and DivX Ultra formats.
• Camcorder AVCHD/HDV/DV video input support.
• Creates high quality DivX video.
• Edit out unwanted scenes or commercials.
• Create interactive menus from templates or make your own custom menus.
• Add or edit subtitles.
• Make your own slideshow DVDs and Blu-ray Discs in standard or high definition.
• Apply audio filters such as gap correction noise reduction and fade-in/out.
• 5.1 Dolby Digital Surround sound input/output.
It s Better With Blu. Plus more new features.
• Author your favorite AVCHD HDV and DV camcorder footage to the high-capacity Blu-ray Disc format.
• Create HD menus complete with pop-up menus that you can access during playback.
• Or how making your own HD slideshows? It s all possible with Blu-ray Disc.

တကယ်တော့ ဒီပရိုဂရမ်လေးကို ကျနော်အသုံးပြုနေတာကြာပါပြီ ။ ခုဆိုရင် ဗားရှင်းအသစ် 5.0.8.26 တောင်ထွက်နေပါပြီ ။ ဒါကတော့ နဲနဲဟောင်းသွားပြီပေါ့ဗျာ ။ အဟောင်းပေမယ့်လို့အကောင်းကလေးပါဗျာ ။
ကျနော်ပြောချင်တဲ့အဓိပ္ပါယ်ကတော့ ပရိုဂရမ်တွေ ဗားရှင်းအသစ်တွေထွက်လာတာနဲ့အမျှ ပိုပြီး တော်လာကြတယ် ။
ကျနော်တို့ရဲ့ကွန်ပြူတာရဲ့ Resource ( ကျနော်နားလည်သလိုပြောရရင် စက်အားကို ) ပိုပြီးအသုံးပြုလာကြတယ် ။
ဒီတော့ မိမိစက်နဲ့လိုက်ဖက် သင့်တော်မှုရှိမရှိ သိဘို့လိုလာပါတယ် ။
ဒါကိုသိနိုင်ဘို့အတွက် မိမိအသုံးပြုမယ့်ပရိုဂရမ်ရဲ့ System requirements ကို စစ်ဆေးသင့်ပါတယ် ။ မိမိစက်နဲ့ လိုက်ဖက်မဖက်ပေါ့ဗျာ ။
အောက်မှာ ဒီပရိုဂရမ်ရဲ့ System requirements ကိုဖော်ပြပေးထားပါတယ်။
ကဲအသုံးပြုပုံ ကိုတော့ Utube VDO လေးအောက်မှာကြည့်လိုက်
ကဲ Install လုပ်နည်းလေး စလိုက်ကြရအောင်ပါ ။ Window 7 သမားများအတွက်ပါ ။
1.အကယ်၍ တခြား ဗားရှင်း တင်ထားခဲ့ရင် ပြန်ထုတ်လိုက်ပါ ။
2.(အောက်ကဖိုင်လမ်းကြောင်း အတိုင်းသွားပြီး Pegasys Inc folder တခုလုံးဖျက် ပစ်လိုက်ပါ ။ အထူးပရိုဂရမ်သုံးသူများ-ဥပမာ
Your Uninstall တို့ Advance Uninstall - သုံးသူများ ဒီအဆင့်လုပ်စရာမလိုပါ ။ )
C: \ Documents and Settings \ username \ Application Data \ Pegasys Inc \ TMPGEncAuthoringWorks4 \

(မပေါ်ဘူးဆိုရင် Folder Option ကိုသွားပြီး Show hidden files and folders and accept ကိုရွေးပေးလိုက်ပါ ။)
ပြီးရင် Install လုပ်ပါ ။ ( ဒီအဆင့် က အရေးကြီးပါတယ် ။ TMPGenc Authoring Works v4.0.4.24 ကို Install လုပ်ပြီးရင် Restart ချခိုင်းပါလိမ့်မယ် ****မချလိုက်ပါနဲ့**** ။
ပြီးရင် ပရိုဂရမ်ကို RUN လိုက်ပါ ။ ပြီးရင် ပြန်ပိတ်လိုက်ပါ ။ ဒီပရိုဂရမ်နဲ့ သက်ဆိုင်တဲ့ ဖို(လ်)ဒါ တခု App Data မှာတည်ဆောက်စေချင်လို့ Run ခိုင်းလိုက်တာဖြစ်ပါတယ် ။ ဘယ်နေရာကိုရောက်သွားလဲဆိုတာမှတ်ထားပြီးရင်ပြန်ပိတ်လိုက်ပါ ကျနော်တို့ အသုံးပြုမယ့် ရီဂျစ်စတာ ကီးအမျိုးအစားက Path ဖိုင်အမျိုးအစားဖြစ်လို့ ညွန်းပေးနိုင်ဖို့ ဖိုင်လမ်းကြောင်းတခုလိုအပ်လို့ပါ ။)

Install လုပ်ပြီးရင် အပေါ်ကပုံမှလို Restart ချမလားမေးရင် No ကို ဖြေပေးလိုက်ပါ။
ပြီးရင် ပရိုဂရမ်ကိုရမ်းလိုက်ပါ
အပေါ်ကပုံမှာ ဘာမှလုပ်စရာမလိုပါ Exit နဲ့ ထွက်လိုက်ပါ ။
3. (Install လုပ်ပြီးရင် ဒီဖိုင်လမ်းကြောင်းအတိုင်း သွားလိုက်ပါ ။) C:\Program Files\Pegasys Inc
a.(Pegasys Inc ကို right click ပေးလိုက်ပါ ။)
b.(Properties>Security > Edit ကို Click ပါ ။)
c.(မိမိအမည် သို့မဟုတ် Current user ကို Click ပါ ။)
d.(checkbox အားလုံးကို အမှန်ခြစ်ပေးလိုက်ပါ ။)
e.(OK နှိပ်ပါ ။ OK ပဲထပ်နှိပ်ပါ ။)
4. (မိမိပရိုဂရမ် Install လုပ်ထားတဲ့ Folder ထဲမှာ TMPGEnc4XP.exe" နဲ့ "TMPGEnc4XPBatch.exe ဖိုင်နှစ်ခုကိုရှာပါ ။)
C:\Program Files\Pegasys Inc\TMPGEnc Authoring Works 4
right click on both files and click on Properties / Compatibility
and change the compatibility mode to Windows XP (Service Pack 3)
(ဖိုင်တစ်ခုချင်း ကို right click ပေးပြီး Properties > Compatibility ခေါင်းစဉ်အောက်က Run this program in compatibility mode for မှာ အမှန်ခြစ်ပေးပြီး Windows XP (Service Pack 3) နဲ့ပြောင်းပေးလိုက်ပါ ။

5.(keygan ကို ကော်ပီလုပ်ပြီး အောက်ကဖိုင်လမ်းကြောင်းအတိုင်း TMPGEnc Authoring Works 4 အထဲကို သွားထားလိုက်ပါ ။
C:\Program Files\Pegasys Inc\TMPGEnc Authoring Works 4
6.(ကီးကို right click and run as administrator နဲ့ဖွင့်ပါ ။)
a) Output: don't touch this (နဲနဲမှသွားမထိလိုက်ပါနဲ့)
b) Name: write your name or nick ( is optional ) (နာမည်ရေးချင် ရေးပါ ။ မရေးရင်လည်းရပါတယ် ။)
c) Email: write your email if you want ( is optional ). (ရေးချင် ရေးပါ ။ မရေးရင်လည်းရပါတယ်)
d) version: change to the new version ( 4.0.7.32 ) (ဒီနေရာကအရေးအကြီးဆုံးပါ - 4.0.7.32 ဗားရှင်းပြောင်းရေးပေးလိုက်ပါ ။)
e) Install dir: select install dir of the application, by default: ဘာမှပြုပြင်စရာ မလိုပါ ။ အောက်ကဖိုင်လမ်းကြောင်းအတိုင်းထားလိုက်ပါ ။
C:\Program Files\Pegasys Inc\TMPGEnc Authoring Works 4
b) Name: write your name or nick ( is optional ) (နာမည်ရေးချင် ရေးပါ ။ မရေးရင်လည်းရပါတယ် ။)
c) Email: write your email if you want ( is optional ). (ရေးချင် ရေးပါ ။ မရေးရင်လည်းရပါတယ်)
d) version: change to the new version ( 4.0.7.32 ) (ဒီနေရာကအရေးအကြီးဆုံးပါ - 4.0.7.32 ဗားရှင်းပြောင်းရေးပေးလိုက်ပါ ။)
e) Install dir: select install dir of the application, by default: ဘာမှပြုပြင်စရာ မလိုပါ ။ အောက်ကဖိုင်လမ်းကြောင်းအတိုင်းထားလိုက်ပါ ။
C:\Program Files\Pegasys Inc\TMPGEnc Authoring Works 4
7.(အခု PATCH ကိုနှိပ်လိုက်ပါ ။ ပြီးရင် GENERATE ကိုနှိပ်ပါ ။ ဒါဆိုရင် register လုပ်လို့ပြီးပါပြီ ။ အားလုံးပိတ်လိုက်ပါ ။ ပြီးရင် Restart ချလိုက်ပါ ။ ဒါဆိုရင် ပရိုဂရမ်ကိုစတင်အသုံးပြုလို့ရပါပြီ ။
Window XP သမားများအတွက် ပရိုဂရမ်ဖိုင်ထဲက text ဖိုင်ထဲမှာ မြန်မာလို ဘာသာပြန်ထားပေးပါတယ် ။

ကဲ လိုချင်တဲ့သူများ အောက်ကလင့်များမှ ဒေါင်းယူနိုင်ကြပါတယ် ။

No comments: